တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး



MNP  -  ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက ဆောင်ရွက်လျက်ရှိသည့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက် ပေးနေသည်။


ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များကို ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာ)၊ တီဘီကာကွယ်ဆေး(ဘီစီဂျီ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)စသည့်ဆေးများအား စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ အသက်အရွယ် လအလိုက် တိုက်ကျွေးခြင်း/ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးနေပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ထိ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။


မင်းလွင်ဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)