မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ အနေဖြင့် အစဉ်အမြဲလိုလားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ အနေဖြင့် အစဉ်အမြဲလိုလားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ပြောကြား






MNP ၊ ဖေဖော်ဝါရီ ၁၆

(၇၅)နှစ်မြောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV က မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ အနေဖြင့် အစဉ်အမြဲလိုလားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ပြောကြားရာတွင် ယနေ့ မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား (၇၅) နှစ်မြောက် သံတမန်ဆက်သွယ်ထူထောင်မှုအထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အခမ်း အနားတွင် အမှာစကားပြောကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်ပီတိဖြစ်မိပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးနယ်ပယ်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာများတွင်လည်း ပူးပေါင်း ဆောင်ရွက်ရေးလမ်းစကို အစပျိုးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ အနေဖြင့် အစဉ်အမြဲလိုလားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအသင်းမှ တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ပညာရှင်များ၊ တက္ကသိုလ်များမှ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ကြသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)