ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဖိတ်​ခေါ် ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဖိတ်​ခေါ် ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ



MNP   -   ဖေဖော်ဝါရီ ၁၃

ဇမ္ဗူသီရိမြို့နယ်တွင် (၇၆) နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ်(အကြို )ဖိတ်​ခေါ် ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းက A 3000 ပိုက်​ကျော်ခြင်းကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်​ထောင်စုနယ်​မြေ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူး ဦးနေလင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​​နေမျိုးထွန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုး​အောင်၊​ နောင်ရိုးကုမ္ပဏီမှတာဝန်ရှိသူ ဦးဇော်လင်းနှင့် ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်​ရောက်ခဲ့ကြပြီး အ​ကောင်းဆုံးအားကစားသမားဆုများနှင့် စတုတ္ထဆုရရှိသော ရွှေမိုး (က)အသင်း၊ တတိယဆုရရှိ​သော N.P.T သားပုအသင်း၊ ဒုတိယဆုရှိ​သော ​ရွှေမိုး(ခ)အသင်း၊ ပထမဆုရရှိ​သော Gusto အသင်းတို့အား ဆုများအသီးသီး  ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။ 


နီလာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment