မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ


MNP   -     ဖေဖော်ဝါရီ ၁၆

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကား ပြောကြား ပြီး(အပေါ်ယာပုံ) အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက ယခင်အစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အသက်အာမခံအမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရေး၊ ကျန်းမာရေးအာမခံ အမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရေး၊ Constr-uction All Risk (CAR) နှင့် Erection All Risk (EAR) တို့၏ Policy Wording သုံးစွဲခွင့်ပြုရေး၊ နိုင်ငံခြား အာမခံကိုယ်စားလှယ်ရုံး မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခွင့်ပြုရေး၊ ကော်ပိုရိတ် အသက်အာမခံကိုယ်စားလှယ်သုံးခု လိုင်စင်သက်တမ်းတိုးရေး၊ အာမခံကိုယ်စားလှယ်နှစ်ဦး၏ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင်သက်တမ်းတိုး လျှောက်ထားလာခြင်း၊ မြန်မာ့အာမခံ သင်တန်းကျောင်း (မန္တလေး ကျောင်းခွဲ) တည်ထောင်ခွင့်ပြုရန် လျှောက်ထားခြင်းနှင့် မှတ်တမ်း တင်ရန် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။


မြန်မာနိုင်ငံ၏ အာမခံ ဈေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံ ခြားသားပိုင် အသက်အာမခံ ကုမ္ပဏီငါးခု၊ ဖက်စပ်အသက် အာမခံကုမ္ပဏီသုံးခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီကိုးခု၊ ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အထွေထွေ အာမခံကုမ္ပဏီ ခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင်အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ အာမခံအမျိုးအစား ၄၀ ကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်းနှင့် အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြု တင်ပြလာကြသော အသက်အာမခံနှင့် အထွေထွေအာမခံ အမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)