မြောက်ဦးမြို့၌ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တာဆီးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တာဆီးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိ




MNP  -   ဖေဖော်ဝါရီ    ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပူပြင်းခြေက်သွေ့သည့်နွေရာသီသို့ ရောက်ရှိ လာပြီဖြစ်၍ထမ္မရာဇ်ရပ်ကွက်ရှိစစ်ဆေးခြင်းနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေးလုံခြုံရေးရှိစေရေးအသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် စာရေးဝန် ထမ်း များ ပူးပေါင်း၍ယနေ့နံနက် ၁၀ နာရီအချိန်ကအဆိုပါရပ်ကွက်များသို့သွားရောက်၍ ကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို ဓါတ်ဆီ ဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းတွင်မြို့နယ်မီးသတ် ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဆီသိုလောင်မှုစနစ်တကျ ရှိစေရေး၊ ဆီဖြည့်နေစဉ် လက်ကိုင်ဖုန်း များအသုံး မပြုကြစေရန် နှင့် ဆေးလိပ်သောက်ခြင်းကိုရှောကြဉ်ခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် လောင်စာသိုလှောင်မှဒများ အား စစ်ဆေးခြင်း၊ ရေတွင်းရေကန်များ ရေအပြည့်ဖြည့် ထားခြင်း၊ ရေအိတ်၊ သဲအိတ် ၊ မီးသတ်ချိတ်ဦမီးကပ်ပြားနှင့် မီးသတ်ဆေးဗူးများအား ကြိုတင်ကာ ကွယ် ထားရှိခြင်း၊ မီးသတိပေးဆိုင်းဘုတ်များအား စိုက်ထူခြင်း စသည့် မီးဘေး အန္တရာယ် ကြိုတင် ကာ ကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး  မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်တားဆီးရေးအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်များကို အကြံပြု မှာကြားခဲ့ကြောင်း  သိရသည်၊၊


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)