MNP - ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်လုံးဆိုင်ရာ (ပထမ)အကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းကို ၂၀၂၃ ခုနှစ် မတ်လ(၃)ရက်နေ့မှ (၁၉)ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မူလတန်းဆင့် (Grade-4)မှ (Grade-5)ထိ ကျောင်းသား/ကျောင်းသူများနှင့် အလယ်တန်းဆင့် (Grade-6)မှ (Grade-9)ထိ ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ (၂၀)ရက်မှ (၂၈)ရက်နေ့ထိ မွန်းလွဲ(၁)နာရီမှ (၄)နာရီထိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သင်တန်းအား ၂၀၂၃ ခုနှစ် မတ်လ(၃)ရက်နေမှ (၁၉)ရက်နေ့ထိ နေ့စဉ် နံနက်(၈)နာရီမှ (၁၁)နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ယဉ်ကျေးမှု စာအုပ်တစ်အုပ် (၈၀၀)ကျပ်၊ ယောဂီတဘက် တစ်ထည်လျှင် (၁၂၀၀)ကျပ်၊ လက်ဆွဲအိတ်တစ်ခုလျှင် (၃၀၀)ကျပ်၊ လည်ဆွဲကဒ် တစ်ခုလျှင် (၄၀၀)ကျပ်နှင့် ဗလာစာအုပ်၊ ဘောပင်၊ အာဟာရဒါန စသည်များကို သင်တန်းသားဦးရေ(၁၀၀၀)အတွက် အလှူရှင်များအနေဖြင့် လှူဒါန်းပါဝင်နိုင်ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost

No comments:
Post a Comment