(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ






MNP   -  ဖေဖော်ဝါရီ ၆

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ခဲ့သည်။


ရှေးဦးစွာ တတိယနေရာလုပွဲတွင် ရွှေဝါထွန်းဘော်လီဘောအသင်းနှင့် ကဝမြို့မဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ ဗိုလ်လုပွဲစဥ်တွင် LUCKY FISH အသင်းနှင့် ပဲခူးတက္ကသိုလ်မိသားစုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်  ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အကောင်းဆုံး အားကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို အစိုးရအဖွဲ့တာဝန်ရှိသူများမှလည်းကောင်း၊ တတိယဆုရရှိသော ရွှေဝါထွန်းဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးတက္ကသိုလ်‌မိသားစု ဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်အား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ ပထမဆုရရှိသော LUCKY FISH ဘော်လီဘောအသင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆု (၁၀)သိန်းကျပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ဒိုင်များအား ထောက်ပံ့ငွေများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲအား ဖေဖော်ဝါရီ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)