ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသန စာတမ်းဖတ်ပွဲ အောင်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသန စာတမ်းဖတ်ပွဲ အောင်ပွဲပြုလုပ်


MNP ၊ ဖေဖော်ဝါရီ  ၂၁

ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပထမအကြိမ် သင်ကြား/ စီမံဆရာများ၏ သုတေသနစာတမ်းဖတ်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ သီလရှင်စာသင်တိုက်ကြီး၌ပြုလုပ်ရာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်ထံမှ သာရဏီယဩဝါဒ ကထာနာယူကြသည်။ ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ်(ငြိမ်း) အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာနာပြု တက္က သိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအာဒိစ္စံသဝံသ က သုတေသနစာတမ်းများနှင့် စပ်လျဉ်း၍ သုံးသပ်မိန့်ကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အကောင်းဆုံးသုတေသန စာတမ်းရှင်ဆုများကို ချီးမြှင့် ဆက်ကပ်၍ သုတေသနစာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်ပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ၎င်းနောက် ဆေကဝတီ ဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဒေါ်ဆေကဝတီက ကျေးဇူး တင်စကားလျှောက်ထားသည်။


ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)