Pages

Pages

အုတ်ဖို၌ မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာ သင်တန်းဖွင့်လှစ်ပို့ချ


MNP   -   ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာသင်တန်း (၁/၂၀၂၃) ကို အ.လ.က ချမ်းမြသာမြေကျောင်းတွင်  ယနေ့ နံနက် ၉ နာရီချိန်က ပို့ချပေးလျက်ရှိသည်။


အဆိုပါ သင်တန်းကိုနည်းပြအဖြစ် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြမြထွေး ဦးဆောင်၍ မူအုပ်ဝါရင့်ဆရာကြီး၊ ဆရာမကြီးအပါအဝင် (၅)ဦးက သင်ကြားရေးလုပ်ငန်းခွင် ဝင်ရောက်မည့် လက်ထောက်(မူပြ) ဆရာ(၄)ဦး၊ ဆရာမ(၂၅)ဦး စုစုပေါင်း(၂၉)ဦးတို့အား နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥဒေ၊ ဝန်ထမ်းကျင့်ဝတ်၊ မူလတန်းဆင့် ဆရာလမ်းညွှန်စာအုပ်များနှင့် စသည့်ဘာသာရပ်များကို (၆) ရက်ကြာ နံနက်(၉)နာရီမှ ညနေ(၄) နာရီချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်သူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment