Pages

Pages

သနပ်ပင်မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြိူ့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်အသင်းများဖြစ်သော ထောင်းမင်းကျေးရွာအသင်း၊ လှာပကစ်ကျေးရွာအသင်း၊ အပိုင်ကျေးရွာအသင်း၊ U Thant FC  အသင်း၊ ဘုရားကြီးပိုင်းအသင်း၊ ရေကျော်ကျေးရွာအသင်း၊ တိုးပွားကြီးအသင်း၊ K&T Moible အသင်း၊ Dream Team အသင်း၊ လောင်မီးကျေးရွာအသင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း  (၁၃)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


ရှုံးထွက်ပွဲစဉ်အဖြင့်  ထောင်မင်းအသင်းနှင့်   U Thant FC အသင်းတို့ ယှဉ်ပြိင်ကစားကြရာ ထောင်မင်းအသင်းက U Thant FC အား  (၆)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသွားကာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို  ဖေဖော်ဝါရီ  (၈) ရက်နေ့မှစ၍  ပြန်လည်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


လှမိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment