အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) ၌ စတုတ္ထအကြိမ်မြောက် ဒီပလိုမာအပ်နှင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) ၌ စတုတ္ထအကြိမ်မြောက် ဒီပလိုမာအပ်နှင်းပွဲကျင်းပ





MNP  -    ဖေဖော်ဝါရီ ၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ၏ စတုတ္ထကြိမ်မြောက် A. G. T I ဒီပလိုမာ အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ရာ တွဲဖက်ပါမောက္ခနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာ​ရေးအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ/ ဆွေမျိုးများ တက်ရောက်ကြသည်။


ရှေးဦးစွာ တွဲဖက်ပါမောက္ခနှင့်တကွ တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်စင်မြင့်ရှိ သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြပြီး တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။ ယင်းနောက် တွဲဖက်ပါမောက္ခ ဒေါ်သင်းသင်းဆွေက အထူးပြုဘာသာရပ်အလိုက် ဘွဲ့ရရှိသူများကို ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းချီးမြှင့်သည်။


အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)၏ စတုတ္ထကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားတွင် မြို့ပြအင်ဂျင်နီယာဒီပလိုမာ အထူးအောင်(၁)ဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ အထူးအောင် (၁)ဦး၊ ရိုးရိုးအောင်(၈)ဦး၊ လျှပ်စစ်ဆက်သွယ်ရေးအင်ဂျင်နီယာ ဒီပလိုမာအထူးအောင်(၁)ဦး၊ ရိုးရိုးအောင်(၂)ဦး၊ စက်မှုအင်ဂျင်နီယာဒီပလိုမာ(၃)ဦး စုစုပေါင်း (၁၃)ဦးနှင့် အဝေးရောက် စက်မှုအင်ဂျင်နီယာ ဒီပလိုမာ  (၁) ဦးတို့ကို ဒီပလိုမာ အောင်လက်မှတ်များအပ်နှင်းချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)