(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ နောက်ဆုံးနေ့ညတွင် ပြည်သူသောင်းနှင့်ချီ လွတ်လပ်စွာပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ နောက်ဆုံးနေ့ညတွင် ပြည်သူသောင်းနှင့်ချီ လွတ်လပ်စွာပါဝင်ဆင်နွှဲ






MNP   -   ဖေဖော်ဝါရီ       ၁၅

၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၄)ရက်နေ့အထိ ငါးရက်တိုင်တိုင် နေ့စဉ်နံနက်(၉)နာရီမှ ည(၁၀)နာရီအချိန်အထိ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ပြခန်းများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစား အစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများပြပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ (ပွဲတော်နောက်ဆုံးနေ့) ညပိုင်းအချိန်က ပွဲတော်သို့ လာရောက်လေ့လာကြည့်ရှု သူများအား မြန်မာတိုင်းရင်းသားရိုးရာ အကအလှများ၊ ခေတ်ပေါ်တေးဂီတများ၊ နိုင်ငံကျော်အနုပညာရှင်ကြီးများ၏ သီဆိုဖျော်ဖြေမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူသောင်းနှင့်ချီ လွတ်လပ်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


“ စိတ်အပန်းဖြေတဲ့အနေနဲ့ သူငယ်ချင်းတွေနဲ့အတူ လာရောက်ဖြစ်တာပါ။ ဒီရောက်တော့ ကိုယ်ထင်ထား တာထက် ပိုပျော်ရွှင်စရာကောင်းပါတယ်။ ပြီးတော့ ဒီတစ်နေရာထဲမှာ ကိုယ်လိုချင်တဲ့  ပစ္စည်းတွေ၊ ရိုးရာအစားအစာ တွေကို စျေးနှုန်းသက်သက်သာသာနဲ့ ဝယယ်ယူခွင့်ရတဲ့အတွက်လည်း အရမ်းကိုအဆင်ပြေပါတယ်။ နောက်တစ်ခု ကတော့ မီးရှူးမီးပန်းဖောက်တာကို အနီးကပ်ကြည့်ရှုခွင့်ရတဲ့အပေါ် စိတ်ထဲမှာ ဝမ်းသာကြည်နူးမှုတွေ ဖြစ်ပေါ်တဲ့ အတွက် ပွဲတော်ကိုလာရောက်ခြင်းအားဖြင့် အသိဉာဏ်ပညာဗဟုသုတတွေ တိုးပွားလာရုံသာမက စိတ်ထဲမှာ ပေါ့ပါး လန်းဆန်းသွားသလို ခံစားရပါတယ်။ နောင်လည်း တာဝန်ရှိသူတွေအနေနဲ့ အခုလို အထိမ်းအမှတ်ပွဲတော်တွေကို အစဉ်အမြဲ  ကျင်းပပြုလုပ်ပေးစေချင်ပါတယ် ” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပွဲတော်သို့ အပန်းဖြေ လာရောက် လည်ပတ်သူတစ်ဦးက ‌ပြောသည်။


အဆိုပါပွဲတော်သို့ လာရောက်အပန်းဖြေသူ အများပြည်သူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန် ရှိသူများက စတုဒီသာအလှူအဖြစ် သီးစုံဒံပေါက်ထမင်းများ၊ အအေးမျိုစုံတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)