MNP ၊ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး (၂)ပတ်အတွင်း ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၅)ပါတီ ရှိလာပြီဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ပထမဆုံး မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD )၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) တို့ အသီးသီး မှတ်ပုံတင်ခဲ့ကြပြီး ယနေ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လျောက်ထားခဲ့ကြောင်း သိရသည်။
တည်ဆဲနိုင်ငံရေးပါတီ (၉၀) ကျော် ရှိပြီး ဥပဒေအသစ် အရ ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း (၆၀) အတွင်း ဆက်လက်ရပ်တည်ခွင့် ပြန်လည် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပြီး ထိုသို့လျှောက်ထားခြင်း မရှိပါက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment