ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -    ဖေ‌ဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား မိမိတို့မြို့နယ်ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်၍ အကျိုးပြုသောလုပ်ငန်းများဖြစ်‌စေရန်၊ ဆောင်ရွက်သည့် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်တာဝန်ရှိသူများအား လုပ်ငန်းများနှင့်ပက်သက်၍ ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား တင်ပြဆွေးနွေးသွားရန်၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည့်မီစေရေးကြီးကြပ်ဆောင်ရွက်သွားရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေမှ အဆိုပြုတင်ပြထားသော စီမံကိန်းလုပ်ငန်းတစ်ခုချင်းအလိုက်၊ လိုအပ်ချက်များအလိုက် စိစစ်တင်ပြသွားရန် ပြီးစီးမှုများအား ပြန်လည်တင်ပြကြရန်နှင့် ကိုဗစ်-၁၉‌ ရောဂါများ ပြန်လည်ဖြစ်ပွားနေသဖြင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ သတ်မှတ်ကာလပြည့်ပါကလည်း ထပ်မံထိုးနှံကြရန်၊  ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲများ ‌ဖြေဆိုမှုများအဆင်‌ပြေစေရေး ဝိုင်းဝန်းပူးပေါင်း ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ကြရန်၊ နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးအထူးဂရုစိုက်ဆောင်ရွက်၍ အသိသတိဖြင့် နေထိုင်သွားလာကြရန်” ဆွေးနွေး‌‌ပြောကြားခဲ့သည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်း လုပ်ငန်းပြီးစီးမှုများအား တင်ပြ‌ဆွေးနွေးကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား‌ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ပပ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)