တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ရည်ညွှန်းစာကြည့်တိုက်မှ စာအုပ်များလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ရည်ညွှန်းစာကြည့်တိုက်မှ စာအုပ်များလှူဒါန်း


MNP  -   ဖေဖေါ်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ရည်ညွှန်းစာကြည့်တိုက်မှ အများပြည်သူ စာပေဗဟုသုတ ဖတ်ရှုလေ့လာနိုင်ရန်အတွက် အမှတ်(၁၂)ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်များ လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ ရည်ညွှန်းစာကြည့်တိုက်တွင် လှူဒါန်းပေးကြောင်း သိရသည်။


စာအုပ်လှူဒါန်းမှုတွင် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ရည်ညွှန်းစာကြည့်တိုက်မှ တာဝန်ရှိသူများက အများပြည်သူ စာပေဗဟုသုတ ပိုမိုလေ့လာဖတ်ရှုနိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ် စုစုပေါင်း(၁၀၀)အုပ်ကိုလှုဒါန်းရာ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လက်ခံခဲ့ကြောင်း သတင်းရသည်။


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)