ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံ






MNP ၊ ဖေဖော်ဝါရီ  ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ရောက်ရှိနေကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့နယ် တက္ကသိုလ်၊ ကောလိပ်အသီးသီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ တွေ့ဆုံသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့် တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွက် အာဆီယံ သဘောတူညီချက်(၅)ရပ်အပေါ် လက်ရှိဆောင်ရွက် နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲ သို့ တက်ရောက်လာသူများအား စားသောက်ဖွယ်ရာများ ပေးအပ်၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ မုံရွာတပ်နယ် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု အားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)