စပိန်လက်ရွေးစင်အသင်းကနေ အနားယူတော့မယ့် ဆာဂျီယိုရာမို့စ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စပိန်လက်ရွေးစင်အသင်းကနေ အနားယူတော့မယ့် ဆာဂျီယိုရာမို့စ်



MNP - ဖေဖော်ဝါရီ  ၂၇


PSGအသင်းရဲ့ ဗဟိုခံစစ်မှူးကြီး ဆာဂျီယိုရာမို့စ်ဟာ စပိန်လက်ရွေးစင်မှ အသင်းမှ အနားယူခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ရာမို့စ်ဟာ စပိန်လက်ရွေးစင်နည်းပြသစ် ဒီလာ ဖွန်တီနှင့် စကားပြောပြီးနောက် သူ့အတွက်နေရာမရှိတော့ကြောင်း သိခဲ့ရပြီး စပိန်လက်ရွေးစင်အသင်းမှ အနားခဲ့တာ ဖြစ်ကြောင်းသိရသည်။


ဆာဂျီယိုရာမို့စ်ကတော့ အနားယူခဲ့ရတာနဲ့ ပတ်သက်ပြီး "ဒီခရီးဟာ အသက်အရွယ်အရမဟုတ်ဘဲ ကိုယ့်ရွေးချယ်မှုနဲ့ ထိုက်တန်တယ်လို့ ယုံကြည်ပါတယ်၊  မက်ဆီ၊ မိုဒရစ် နဲ့ ပီပီတို့လို ကစားသမားတွေ နိုင်ငံအသင်းအတွက် အသက်တွေကြီးတဲ့အထိ ပေးဆပ်နေတာကို ကျွန်တော် မနာလိုဖြစ်မိပြီး လေးစားမိပါတယ်၊ ဒါက ကျွန်တော့်အတွက် တူညီတဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


အဆိုပါ အသက် ၃၆အရွယ် စပိန်သားဟာ စပိန်လက်ရွေးအသင်းအတွက် ၂၀၀၅ ခုနစ်က  စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၀ခုနစ်မှာ ကမ္ဘာ့ဖလားတစ်ကြိမ်၊၂၀၀၈ ခုနစ်နှင့် ၂၀၁၂ခုနစ်တွေမှာ ယူရိုဖလားတစ်ကြိမ်စီ ဆွတ်ခူးပေးခဲ့ကြောင်းသိရသည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)