ဒေးဒရဲမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP  -   ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၏အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် အသိပညာပေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နီနီမြင့်က ကလေးများခံစားခွင့်ရှိသည့် အခွင့်အရေး (၄)ရပ်၊ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားဖြစ်စေမည့် အခြေခံမူ (၄)ရပ် စသည့် အချက်အလက်များနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အေဇာလင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)