ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတရေအလှူတော်အသင်းမှ ညောင်ဦမြို့နယ်ရှိ သောက်သုံးရေလိုအပ်နေသော ကျေးရွာ၊တဲတိုက်၊ စာသင် ကျောင်းများသို့ ရေဂါလံ ၅၄၄၀၀ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတရေအလှူတော်အသင်းမှ ညောင်ဦမြို့နယ်ရှိ သောက်သုံးရေလိုအပ်နေသော ကျေးရွာ၊တဲတိုက်၊ စာသင် ကျောင်းများသို့ ရေဂါလံ ၅၄၄၀၀ လှူဒါန်း




MNP  -   ဖေဖော်ဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်နေသော ကျေးရွာ၊တဲတိုက်၊ စာသင်ကျောင်းများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတသောက်သုံးရေလှူအသင်းမှ ၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလအတွင်း သောက်သုံးရေဂါလံ ၅၄၄၀၀ ဂါလံလှူဒါန်းပေးနိုင်ခဲ့ကြောင်း အေးမေတ္တာသောက်သုံးရေအလှူတော်အသင်း တာဝန်ခံ ဦးဝင်းမင်းထွန်းထံကသိရသည်။


ညောင်ဦးမြို့နယ်တွင် ဆောင်းနှောင်းပိုင်းနှင့်နွေဦးပေါက်ရာသီတွင် မြေသားရေ လှောင်ကန်များ ခန်းခြောက်သွားလေ့ရှိရာ ကျေးရွာအများစုသောက်သုံးရေမခက်ခဲသော်လည်း ထန်းတောင်သူများ ထန်းတက်လုပ်ငန်းလုပ်ကိုင်ရင်း မီးဘေးအန္တရာယ်ကြောင့် ထန်းတောရှိရာနေရာများတွင် နေထိုင်လာခဲ့ရာမှ အိမ်ခြေများ များလာကာရွာထဲသို့ပြန်မသွားကြပဲ တဲတိုက်အများစုရှိလာခဲ့ကြောင်း၊ ညောင်ဦးမြို့နယ်တွင် အိမ်ခြေ(၂၅)အိမ်ခြေမှ အိမ်ခြေ(၇၀)ကျော်ထိ တဲတိုက်(၈၀) ကျော်ရှိကြောင်း၊ မိုးကောင်းသည့်နှစ်များတွင် မြေသားကန်များရေဝင်ရောက်မှုများ လေ့ရှိသော်လည်း မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် မြေသားကန်များရေးခန်းခြောက်သွားခြင်း၊ မိုးရွာသွန်း ချိန်လှောင်ထားသည့် ရေများကုန်သွားသည့်အခါ သောက်သုံးရေအလှူရှင်များလှူဒါန်းသည့် ရေကိုသာ အဓိကအားထားနေရကြောင်းသိရပြီး ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေဂါလံ ၅၄၄၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)