Pages

Pages

မိုင်းယောင်းမြို့၌ နွေစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးဆွေးနွေး



MNP   -    ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ဘိုးကျေးရွာအုပ်စု နားဖန်းကျေးရွာ၌ ကျင်းပသည်။


စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက သီးနှံများအထွက်နှုန်းသာမက အရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက် မြေအမျိုးအစားအလိုက် မြေချဉ်ငန်ကိန်းလွန်ကဲမှုများအား ပြုပြင်နည်းများ၊ စိုက်ပျိုးမည့်သီးနှံအလိုက် ကုန်ကျစရိတ်နည်းနည်းနှင့် ထိရောက်သည့် အာဟာရဓာတ်ထည့်သွင်းရမည့် နှုန်းထားများ၊ ငွေစပါးသီးနှံစိုက်ပျိုးနည်းစနစ်နှင့် မျိုးကွဲအလိုက်သက်တမ်းပေါ် မူတည်၍ယူရီးယား၊ ဖော့စဖိတ်နှင့် ပိုတက်ဓာတ် မြေဩဇာထည့်သွင်းရမည့်အချိန်၊ နှုန်းထားနှင့် စနစ်တကျသုံးစွဲနည်းများ၊ စပါးပင်သက်တမ်းအလိုက် ရေလိုအပ်မှုအခြေအနေနှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အသိပညာပေးဆွေးနွေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ ဝမ်ဘိုး၊ နားဖန်း၊ ပါမုန်ကျေးရွာတို့မှ ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment