Pages

Pages

သီပေါမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းများဖွင့်လှစ်မည်ဖြစ်



MNP   -   ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်  အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြဆရာ၊ ဆရာမများက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ပြေးခုန်ပစ် စသည့် အားကစားနည်းများအား မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားရုံတို့တွင် ၂၀၂၃ ခုနှစ်မတ်လ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းနှင့် မည်သူမဆိုအခမဲ့ လာရောက်သင်ကြား နိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment