မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင် ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင် ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပွဲအခမ်းအနား ကျင်းပ


MNP   -   ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင် ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပွဲအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူက အရပ်ရပ်အခွင့်အရေးလုပ်ငန်း ယာယီလိုင်စင်များများနှင့် စပ်လျဉ်း၍ ယာယီလိုင်စင်ရရှိသူများအနေဖြင့် မြို့ဝင်ဘီးခွန်၊ ဈေးကောက်များ သတ်မှတ်နှုန်းထားဖြင့်သာ ကောက်ခံရေး၊ အသား၊ ငါးများကို စည်ပင် သာယာရေးဌာန၏ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ရောင်းချရေးနှင့် လုပ်ငန်းစည်းကမ်းသတ်မှတ်ချက်များကို လုပ်ငန်းရှင်များ နားလည်သိရှိစေရန် အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစောထက်ဝင်းက သားသတ်လုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များအနေ ဖြင့် ဝက်၊ နွား များကို သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် မြို့မဈေးကောက် လုပ်ငန်းလိုင်စင်၊ မြို့သစ်ဈေးကောက်လုပ်ငန်းလိုင်စင်၊ လမ်းဘေးဈေးကောက်လုပ်ငန်းလိုင်စင်၊ စက်ဘီး၊ ဆိုင်ကယ်အပ်နှံခလိုင်စင်၊ အပေါင်ဆိုင်လိုင်စင်၊ မြို့ဝင်ဘီးကောက်(ကာနဂိတ်၊ ဆိုက်ခေါင်ဂိတ်)လုပ်ငန်းလိုင်စင်၊ မြို့ဝင်ဘီးကောက်(ရွှေဘိုဂိတ်) လုပ်ငန်းလိုင်စင်၊ မြို့ဝင်ဘီးကောက်(မိုင်းခုတ်)လုပ်ငန်းလိုင်စင်၊ မြို့မဈေးဝက်၊ အမဲ၊ ဆိတ်၊ သားသတ်လုပ်ငန်းလိုင်စင်၊ ဆိုက်ခေါင်အမဲလုပ်ငန်းလိုင်စင်၊ မြို့သစ် ဝက်သားသတ်လုပ်ငန်းလိုင်စင်၊ မိုင်းဝါမ်းတောင်ပေါ် ကျေးလက်ဝက်သားသတ်လုပ်ငန်းလိုင်စင်၊ မိုင်းတွမ်း မြေပြန့်ဝက်သားသတ်လုပ်ငန်းလိုင်စင်နှင့် မိုင်းခုတ်မြို့မ ဝက်သားသတ်လုပ်ငန်းလိုင်စင်များကို မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဈေးပြိုင်လေလံစနစ်ဖြင့် စနစ်တကျ လေလံတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)