MNP - ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ စစ်တွေမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးဆရာဝန်ကြီးများအဖွဲ့က ဖေဖော်ဝါရီလ ၃ ရက် နံနက် ၈ နာရီတွင် လာရောက်၍အခမဲ့ ဆေးကုသမည်။
အဆိုပါ အထူးဆရာဝန်ကြီးများအဖွဲ့တွင် အထူးကုသမားတော်ကြီး၊ ခွဲစိတ် အထူးကုဆရာဝန်ကြီး၊ သားဖွား/မီးယပ် အထူးကုဆရာဝန်ကြီး၊ ကလေး အထူးကုဆရာဝန်ကြီး၊ အရိုး/အကြော အထူးကုဆရာဝန်ကြီး၊ မျက်စိ အထူးကုဆရာဝန်ကြီး၊နား၊နားခေါင်း၊လည်ကြောင်း အထူးကုဆရာဝန်ကြီး၊သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး၊စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး နှင့် အရေပြား အထူးကုဆရာဝန်ကြီး တို့က အခမဲ့ဆေးကုသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးဆရာဝန်ကြီးများအဖွဲ့နှင့်ပြသမည် လူနာများအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ နှင့် မြို့နယ်နာရေးကူညီမှု အသင်းတို့ထံ လာရောက်၍ ကြိုတင်စာရင်းပေး သွင်းနိုင်ပါကြောင်း၊ လာရောက်ကုသရာတွင် မြို့နယ်လဝကရုံး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်နာရေးကူညီမှု အသင်းတို့တွင်ကြိုတင်နေရာယူထားရန်လိုအပ်ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment