ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP  -   ဖေဖော်ဝါရီ  ၂၅

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၄၅)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇)နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဓမ္မာရုံ အတွင်း၌ ကျင်းပသည်။


အခမ်းအနားသို့ တိုင်းသံဃာ့ဝန်ဆောင်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် စာချနာယက သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာလင်္ကာရအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး အခမ်းအနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။                        


ထို့နောက် တိုင်းသံဃာ့ဝန်ဆောင်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် စာချနာယက သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာလင်္ကာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။  ယင်းနောက် အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူ များက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များဦးဆောင်၍ ဧည့်ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓဿာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ အသံမစဲမဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှ မတ်လ(၁) ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။


အောင်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)