သံတွဲမြို့၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ




MNP   -   ဖေဖေါ်ဝါရီ  ၅

သံတွဲမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီက နန်းချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စင်တော်ကောက်ကုမ္ပဏီ မှမန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်၊ အဖွဲ့ဝင်(၂)ဒေါက်တာစိုးမြင့် ၊ မြို့မိမြို့ဖဦးထွန်းသန့်ကျော်နှင့် စွန်ရဲသောက်ရေသန့်စက်ရုံ မန်နေဂျင်းဒါရိုက်တာ ဦးမောင်ဖြူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ပြိုင်ပွဲများကို ပွဲစဉ်များအလိုက် ယှဉ်ပြိုင်ကစားကြရာ ယနေ့ညနေတွင် ပွဲစဉ်(၅)ပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း (၂၄)သင်းဝင်ရောက်ယှဉ်မည်ဖြစ်ပြီး ပြိုင်ပွဲအား ဖေဖေါ်ဝါရီ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ညနေ ၅ နာရီမှ ည ၉း၃၀ နာရီအထိ နန်ချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၅ သိန်း ၊ တတိယဆု ၃ သိန်းကျပ်နှင့် အကောင်းဆုံးကစားသမားဆု ၄ ဆုအား တစ်ဆုလျှင် ၁ သိန်းကျပ်အဖြစ် ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီ ထံမှ သိရှိရသည်။


အဆိုပါအားကစားပြိုင်ပွဲများကျင်းပပေးရခြင်းမှာ အားကစားကိုချစ်မြတ်နိုးစွာဖြင့် အားကစား သမားအချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေးတို့ အတွက်ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)