နတ်တလင်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၃၈၆)ဦး ဝင်ရောက်ဖြေဆိုမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်တလင်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၃၈၆)ဦး ဝင်ရောက်ဖြေဆိုမည်


MNP   -   ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၃၈၆)ဦး ဝင်ရောက်ဖြေဆိုသွားမှာဖြစ်ကြောင်း နတ်တလင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


နတ်တလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ (၃၅)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ (၃၅၁)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၈၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် (၂၇၂)ဦး၊ အတွဲ(၂)ဘာသာရပ်တွင် (၄၅)ဦးနှင့် အတွဲ(၇)ဘာသာရပ်တွင် (၆၉)ဦးရှိရာ နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် စာစစ်ဌာန (၂)ခုစီစဉ်ထားရှိပြီး ၎င်းစာစစ်ဌာနများမှာ အ.ထ.က(နတ်တလင်း)၊ အ.ထ.က(တာပွန်)၊ စာစစ်ဌာနတို့ဖြစ်ကြောင်း သိရသည်။


ဝေယံဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)