တာမွေမြို့နယ်ရှိ ဗညားဒလလမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် အထူးပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်ရှိ ဗညားဒလလမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် အထူးပူးပေါင်းဆောင်ရွက်




MNP   -   ဖေဖော်ဝါရီ    ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၏ အဓိကလမ်းမကြီးဖြစ်သည့် ဗညားဒလ လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယနေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အဆိုပါလမ်း၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်း သောက်သုံးရေ ပေးဝေနေသည့် ရေပိုက်များအား ပြန်လည်ပြုပြင်ခြင်း၊  လူသွားစင်္ကြန်လမ်းများအား ပြုပြင်ပြင်ဆင်ခြင်း၊ ခြံစည်းရိုးများ ဆေးသုတ်ခြင်း၊ လမ်းလယ်တုံးများအား ဆေးသုတ်ခြင်း စသည့်တို့ကို အထူးအလေးထားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



အဆိုပါ တာမွေမြို့နယ်ရှိ ဗညားဒလလမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက် နေမှု အခြေအနေများအား ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် အဓိကလမ်းမကြီးများအား လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၏ စီမံကြီးကြပ်မှုဖြင့် အထူးအလေးထား ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 


ထက်တံခွန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)