မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့နယ် ကန်ပြားနယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့နယ် ကန်ပြားနယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်




MNP  -    ဖေဖော်ဝါရီ ၂

 (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့နယ် ကန်ပြားနယ်မြေမီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကန်ပြားနယ် မြေမီးသတ်စခန်းသစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


နယ်မြေမီးသတ်စခန်းသစ် ဖွင့်ပွဲ အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့နယ်၊ ကန်ပြားနယ်မြေ မီးသတ်စခန်းကို ကန်ပြားကျေးရွာအနီး တစ်ဝိုက် ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် မီးသတ်တပ်ဖွဲ့များ၏ ရည်မှန်းချက် တာဝန်(၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့အား ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ အားကိုးအားထား ပြုရမည့် မီးသတ်စခန်းတစ်ခုဖြစ်ကြောင်း၊  ကန်ပြားကျေးရွာသည် နေပြည်တော်-ကန်ပြားလမ်း၊ မကွေး-နတ်မောက်လမ်းနှင့် မကွေး-ရေနံချောင်း လမ်းများဆုံရာအရပ်တွင် တည်ရှိသောကြောင့် လမ်းမကြီးများတစ်လျှောက်ရှိ ကျေးရွာများအတွက် မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ပြီး မီးသတ်ရှုထောင့်အရ အချက်အခြာကျသည့် မီးသတ်စခန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  တိုင်းဒေသကြီးအတွင်း မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုမြန်ဆန် ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ယခုဖွင့်လှစ်သည့် ကန်ပြားနယ်မြေ မီးသတ်စခန်းအပါအဝင် မီးသတ်စခန်း(၉)ခုအား တိုးချဲ့တည်ဆောက် ပေးနိုင်ခဲ့ သလို စခန်းအဆောက်အအုံများကို ဒေသလိုအပ်ချက်များအရ အသွငသဏ္ဍာန်သစ်ဖြင့် ဘဏ္ဍာရန်ပုံငွေကို မူတည်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ကောင်းမွန်ကာ နိုင်ငံဝန်ထမ်းများတွင် ရှိရမည့် စံတန်ဖိုးများ အပြင် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှုနှင့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများအပြင် နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများအား မျက်ခြည်မပြတ်လေ့လာပြီး မိမိနိုင်ငံသားများအတွက် ပြန်လည်အသုံးချနိုင်ရန် အားထုတ်ကြရန်လိုအပ်ပါကြောင်းနှင့် ပြည်သူများ ယုံကြည်အားကိုးအားထားပြုသည့် မီးသတ်တပ်ဖွဲ့များဖြစ်အောင် လေ့ကျင့်တည်ဆောက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ မကွေးမြို့နယ် ကန်ပြားနယ်မြေမီးသတ်စခန်းသစ် တည်ဆောက်ပြီးစီးမှု မှတ်တမ်းဖိုင်အား ဆောက်လုပ်ရေးကုမ္ပဏီမှ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကန်ပြားနယ်မြေမီးသတ်စခန်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)