၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကွင်းအား စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကွင်းအား စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ




MNP  -    ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ရှိ သရက်တပင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု သရုပ်ပြပွဲအား စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူများက ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကွင်းအတွင်း လာရောက်လေ့လာခဲ့ကြောင်း သိရသည်။


အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာနေ တောင်သူဦးစံသာထွန်း၏ ကွင်းအမှတ်(၇၈၉-ခ) ဦးပိုင်အမှတ် (၃၁/၃)အတွင်း၌ စိုက်ပျိုးထားသော ဆောင်းသီးနှံနေကြာစိုက်ခင်း အတွင်းစိုက်ပျိုးထားသော ဆင်းရွှေကြာ(နေကြာ) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က ဆောင်းနေကြာ သီးနှံစိုက်ပျိုးထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်၊ သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်းရာသီမရွေး မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် လေ့လာရေးခရီးလာရောက်ကြသော စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)မှကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ မေးမြန်းချက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျောက်တော်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းကျောက်တော်မြို့နယ် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့်  ဆောင်းနေကြာဆီထွက်သီးနှံစိုက်ဧက (၁၃၀၆၅)ဧက စိုက်ပျိုးသည့်အနက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ခင်မောင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)