MNP - ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇နာရီမှစတင်၍ မြန်မာ့စီးပွါးဘဏ်ရှိဝန်ထမ်းများကထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင်းပင်စင်စားဝန်ထမ်း(၁၆၆၀)ဦးရှိပြီး ယနေ့ ဖေဖော်ဝါလ ၂၁ရက် နေ့မှစတင်၍ လကုန်ရက်အထိနေ့စဉ်နံနက် ၇နာရီမှ နေ့လယ် ၂နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာ များကို ကိုယ်စားလှယ်လွှဲစာဖြင့်မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွါးရေးဘဏ် ကစီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ် လဆန်းရက် ၊ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင် ပင်စင်လစာများကိုဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment