တီးတိန်မြို့၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း ဝတ်စုံနှင့်ရင်ထိုးတံဆိပ်များပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တီးတိန်မြို့၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း ဝတ်စုံနှင့်ရင်ထိုးတံဆိပ်များပေးအပ်


MNP  -   ဖေဖော်ဝါရီ ၂၅

တီးတိန်မြို့၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အသင်းအဖွဲ့ဝင်များအား ဝတ်စုံနှင့် ရင်ထိုးတံဆိပ် ပေးအပ်ပွဲကို ယ‌မန်‌နေ့‌နေ့‌လယ် ၃ နာရီက အစိုးရမူလတန်းကြိုကျောင်း ပြုလုပ်သည်။


ဝတ်စုံနှင့်ရင်ထိုးတံဆိပ်ပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်ခရိုင် အုပ်ချုပ်ရေးမှူးက အမျိုးသမီးရေးရာအဖွဲ့ အသင်းဝင်များအား ဝတ်စုံထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝင်းသန်း၊ ဒေါ်ဇမ်းငိုက်ဝုန်တို့က မိခင်နှင့်ကလေး ‌စောင့်ရှောက်ရေး အသင်းဝတ်စုံများ ပေးအပ်ပြီး ဒေါ်မန်းဇလျန်းက အမျိုးသမီးရေးရာအဖွဲ့ ဝတ်စုံများ ပေးအပ်သည်။ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌကိုယ်စား ဒေါ်ဇမ်းငိုက်ဝုန်က ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)