ကျိန္တလီမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိ






MNP   -   ဖေဖေါ်ဝါရီ ၁၇

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အသက်(၈၅)နှင့်အထက် ဘိုးဘွားများအား ယမန်နေ့ နေ့လည်ပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။


    ကျိန္တလီမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ကျိန္တလီမြို့ပေါ်(၃)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၅၄-ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀ဝိ/- ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၆၂၀၀၀ဝိ/-) တစ်ဆယ့်ခြောက်သိန်းနှစ်သောင်းကျပ်တိတိကို သက်ဆိုင်ရာ ရက်ကွက် အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)