လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ ဒုတိယအကြိမ်ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ ဒုတိယအကြိမ်ရောက်ရှိ


MNP   -   ဖေဖော်ဝါရီ ၁၄

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors Co., Ltd. က တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60KW ငါးစုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့သည်။


ယင်းသို့ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့သည်။


အဆိုပါ EV Charger များမှာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သပြေကုန်းစျေး၌ (60 KW Charging Station) တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)