တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်



MNP  -  ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်ကချမှတ်ပေးထားသော အားကစားနှင့်ကာယပညာဆိုင်ရာမူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုအသက်ဝင် ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသောအားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုပိုမိုခိုင်မြဲလာစေရန်၊ စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်မှု၊ အနစ်နာခံတတ်မှု၊ ရိုင်းပင်းကူညီတတ်မှု စသည့်အမူအကျင့်ကောင်းများဖြစ်ထွန်းလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်များအား အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အားကစားကို ငယ်စဉ်ကတည်းက စနစ်တကျတတ်သိနားလည်လေ့ကျင့်လာစေရန်ရည်ရွယ်၍ အားကစား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကျောင်းသား အားကစားပြိုင်ပွဲများတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိသော ကျောင်းသူ/ကျောင်းသားအား ကစားသမားများသည် နွေရာသီအခြေခံအားကစားသင်တန်းမှ ထွက်ပေါ်လာခဲ့သောကြောင့် သင်တန်းသားများအနေဖြင့် တိုင်းဒေသကြီး၏ဂုဏ်ကို ဆောင်နိုင်အောင်ကြိုးစားလေ့ကျင့်သင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် သင်တန်းသားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုပြီး ကွင်းအတွင်း ပြန်လည်ထွက်ခွာကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ့သိုင်း၊ ဂျူဒို၊ ကရာတေးဒို၊ အေရိုးဗစ်အဖွဲ့များ၏သရုပ်ပြသမှုကို ကြည့်ရှုအားပေးပြီး သရုပ်ပြသသောအားကစားအဖွဲ့အား ဆုငွေ(၂)သိန်းကျပ်ချီးမြှင့်သည်။


နွေရာသီအားကစားသင်တန်းများတွင် ဘော်လုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ ဂျူဒို၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ မြန်မာ့ရိုးရာခြင်းလုံး၊ ပြိုင်စက်ဘီး၊ အေရိုးဗစ် စသည့်သင်တန်းများကို မတ်လ ၁၈ ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား(၄၈၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ကျော်လတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)