မြင်းခြံမြို့တွင် အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံမြို့တွင် အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံငွေများပေးအပ်


MNP    -     ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြင်းခြံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၅၆၁)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၄၆၈၃၀၀၀၀/-) ကျပ်တိတိအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြထွေးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန် ထံပေးအပ်ခဲ့သည်။


ဆက်လက်၍ ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသီးသီးက လက်ခံရယူခဲ့သည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြထွေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်မီမီကျော်က ကလေးသူငယ်အခွင့်အရေးများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ် အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် မြင်းခြံမြို့နယ်တွင် ဘိုးဘွား(၁၅၆၁)ဦး ထောက်ပံ့ငွေ (၄၆၈ ၃၀၀၀၀/-) ကျပ် ထောက်ပံ့ပေးခဲ့ပြီး တောင်သာမြို့နယ် ဘိုးဘွား(၁၅၈၀)ဦးအတွက် ထောက်ပံ့ငွေ (၄၇၄၀၀၀၀၀/-) ကျပ်၊ နွားထိုးကြီးမြို့နယ် ဘိုးဘွား(၁၂၄၁)ဦးအတွက် (၃၇၂၃၀၀၀၀/-) ကျပ်၊ ငါန်းဇွန်မြို့နယ် ဘိုးဘွား(၁၀၉၉)ဦးအတွက် (၃၂၉၇၀၀၀၀/-) ကျပ်တို့အား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)