ဟိုပန်၌ (၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ (၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ




MNP  -   ဖေဖော်ဝါရီ ၂၈

"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၌(၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ခရိုင်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ရှေးဦးစွာ "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးက အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အခြားအဖွဲ့အစည်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှပေးအပ်သော လုပ်ငန်းတာဝန်များအား  တိုင်း/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များအားလုံးက ကျရာအခန်းကဏ္ဍမှ  ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းလုပ်ဆောင်ချက် တတိယဆုရရှိခဲ့ပါကြောင်းနှင့် အဖွဲ့၀င်များအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ အမျိုးသမီးရေးရာလုပ်ငန်းသည် လူမှုရေးအသင်းအဖွဲ့ဖြစ်တာနှင့်အညီ  စေတနာအရင်းခံ၍ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကာ မိမိတို့လုပ်နိုင်စွမ်းရှိသလောက်အကျိုးဖြစ်စေပြီး ကုသိုလ်ရရှိမည့် လုပ်ငန်းဖြစ်သည့်အတွက် အောင်မြင်မှုလမ်းစတစ်ခုလည်းဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍  ဟိုပန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါနီလာခိုင်က(၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့နှစ်ပတ်လည် အစည်းအဝေးလမ်းညွှန်မှာကြားချက်နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်း​ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးက ဟိုပန်မြို့နယ် အတွင်း အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ရှေ့ဆက်​ဆောင်ရွက်သွားမည့် အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)