ကျောက်ဆည်မြို့နယ်တွင် ကြက်ဟင်းခါး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးအဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကြက်ဟင်းခါး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးအဆင်ပြေ



MNP   -    ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်းစပါးကို အဓိကထား စိုက်ပျိုးကြသော်လည်း နေ့စဉ်ဝင်ငွေရရှိရေး မြစ်ဘေး၊ ချောင်းဘေးနှင့် ကျွန်းမြေ၊ သဲနှုန်းမြေများတွင် မီးဖိုချောင်သုံး ကာလတိုသီးနှံများဖြစ်သည့် ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ မုံညင်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချလျက်ရှိရာ အနောက်ငယ်တိုးကျေးရွာတွင် ကြက်ဟင်ခါး  တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးမည်ဆိုပါက သဘာဝမြေဩဇာမြေဆွေးများဖြင့် ထယ်ရေးညက်အောင် မြေပြုပြင်ခြင်းများ စနစ်တကျဆောင်ရွက်၍ တစ်နေရာနှင့်တစ်နေရာ (၆)ပေခန့်အကွာ တိုင်များစိုက်ပြီး (၅)ပေအမြင့်စင်များ ပြုလုပ်ကာ တိုင်ခြေတွင် သင့်တင်သည့် အကျယ်နှင့် အနက် မြေကျင်းများတူးကာ အစေ့တိုက်ရိုက်ချ စိုက်ပျိုးကြကြောင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းစေရန်အတွက် စိုက်ပျိုးပြီး (၁၅)ရက်အကြာ အပင်နွယ်ထွက် လက်မောင်းတန်းချိန်၌ အပင်ပတ်လည်တွင် အာမိုမြေဩဇာ ဟင်းစားဇွန်းတစ်ဇွန်းခန့် ဖြူးပေးကာ ရေသွင်းပေးရကြောင်း၊ ကြက်ဟင်းခါးသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်နည်းပါးကာ အမြတ်ငွေများသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ဘို့တစ်ထောင်ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးရောင်းချသည့် တောင်သူဦးစန်းခိုင်က ပြောပြသည်။


ထိုတစ်ထောင်ကြက်ဟင်းခါးမျိုး တစ်ထုပ်စိုက်ပျိုးပါက စိုက်ပျိုးပြီးတစ်လခန့်တွင် အပွင့်များစတင် ပွင့်ပြီး (၄၅)ရက်သားတွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း၊ စတင်ခူးချိန်တွင် (၁၅)ပိဿာခန့် ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင် (၇၀/၈၀)ပိဿာခန့်အထိ ခူးဆွတ်ရကြောင်း၊ ခူးဆွတ်ရောင်းချရသည့် သတ်တမ်းမှာ အပင်ပြုစုမှုအပေါ်မူတည်ပြီး (၅)လမှ (၆)လခန့် ကြာမြင့်ကြောင်း ခူးဆွတ်ရာတွင် (၄-၅)ရက် တစ်ကြိမ် ခူးဆွတ်ရပြီး၊ ပွဲရုံသွင်းဈေးအနေဖြင့် ကာလအခြေအနေအပေါ်မူတည်၍ တစ်ပိဿာ(၆၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)