MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၊ ကယ်ဆယ်ရေးလမ်းမှ မီးဘေးသင့်မိသားစု ဝင်များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါရပ်ကွက်သို့သွားရောက်၍ ၎င်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း နှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လုံးဝ ပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံး၊ လူဦးရေ(၇)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၄၇၀၀/-)နှင့် အိမ်ခြေ(၂)လုံးအတွက် တစ်အိမ်လျှင်(၂၀၀၀၀၀/-)နှုန်း ဖြင့် အိမ်ခြေနှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)အိမ်ထောင်စုနှစ်စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၄၁၄၇၀၀/-)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment