ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဖွင့်လှစ်



MNP  -    ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း(၃)မျိုး ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးဟိုတယ်၌ ကျင်းပသည်။


ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကိုဗစ်-၁၉ ရောဂါကာလအတွင်း ခရီးသွားလုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီး ဟိုတယ်၊ တည်းခိုရိပ်သာ အများစုသည် ခေတ္တာပိတ်သိမ်းထား သောကြောင့် ဟိုတယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအများစုသည် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းလာပြီဖြစ်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာပြီး ဟိုတယ်များ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ကြောင်း၊ ဟိုတယ်များတွင် ကျန်းမာရေးနှင့်ဘေး   အန္တရာယ်ကင်းရှင်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Health and Safety Protocol နှင့်အညီ လုပ်ငန်းများလုပ်ကိုင်စေပြီး ယခုကဲ့သို့ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဟိုတယ်ဝန်ထမ်းများသည် မိမိတို့ဟိုတယ်ကို လာရောက်သည့် ဧည့်သည်များကို ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် အထူးလိုအပ်လာမည်ဖြစ်သည့်အတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရာများကို  ရှင်းလင်းတင်ပြသည်။ အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၃)မျိုးတွင် တောင်ကြီး၊ အေးသာယာမှ ဟိုတယ်ဝန်ထမ်း(၇၆)ဦး တက်ရောက်ကြပြီး သင်တန်းကို(၁)လ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)