MNP - ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက မြို့နယ်အတွင်းမီးဘေး လုံခြုံရေးကို အထူးဂရုစိုက်ကြရန်၊ မြို့နယ်အတွင်း နေကြာစိုက်ဧက (၂၂၈၆)ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ပြီး (၁၀)ဧက ထပ်မံတိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်း၊ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်မည့်အကြောင်း၊ စနေနေ့တွင် ဌာန ဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် မည့်အကြောင်း၊ ယခုလ (၁၁)ရက်နေ့တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်မြင့်မားရေးတွေ့ဆုံပွဲ ဆောင်ရွက်မည့် အကြောင်း၊ မြို့နယ်အတွင်း၊ အပြင်သွားလာနေကြသော ခရီးသွားပြည်သူများ အမှိုက်ကို စနစ်တကျ စွန့်ပစ်ရန်နှင့် ကားများတွင် အမှိုက်ပုံးများထားရှိရန်တို့ကို ဆွေးနွေး ပြောကြားခဲ့ သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြ ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment