ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးနှင့် စီမံကိန်းသီးနှံများ အောင်မြင်စေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးနှင့် စီမံကိန်းသီးနှံများ အောင်မြင်စေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်




MNP  -    ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးနှင့် စီမံကိန်းသီးနှံများအောင်မြင်စေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက မြို့နယ်အတွင်းရှိ သံလမ်းဘေး ဝဲ/ယာ၊ ရန်ကုန်-မန္တလေးကားလမ်းဘေး ဝဲ/ယာ၊ အာဆီယံလမ်းမကြီးဘေး ဝဲ/ယာများတွင် ဆောင်ရွက်သွားမည့် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးနှင့် စီမံကိန်းသီးနှံများ အောင်မြင်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာန၊ မြန်မာ့မီးရထားမြို့ပြအင်ဂျင်နီယာဌာန၊လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိမ်းလန်းစိုပြေရေးနှင့်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်သွားမည့် အစီအမံများ၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှတာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်သွားမည့် နွေစပါးနှင့်မိုးကြိုပဲတီစိမ်းသီးနှံ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင် ရွက်သွားမည့် လုပ်ငန်းများအကြောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါ်စပ် ဆောင်ရွက်သွားရေး ညှိနှိုင်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)