လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး​​​စေရန် လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ) ဘဲချောင်းတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး​​​စေရန် လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ) ဘဲချောင်းတွင် ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) ဘဲချောင်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ 


ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့်ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေးအနာဂတ်တွင် တိုင်းပြည်အတွက် လူကောင်းလူတော်များရရှိစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်သည်။


 လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ) ဘဲချောင်းမှအထက်တန်းကျောင်း Grade -10 ကျောင်းသူ မဇင်ဇင်သူက လူငယ်နှင့်စာပေ၊ Grade-10 ကျောင်းသူ မမေမြတ်မိုးက လူငယ်နှင့်အနာဂတ်၊ Grade-11 ကျောင်းသား မောင်မျိုးဝင်းထိုက်က စာအုပ်စာပေလူ့မိတ်ဆွေ၊  Grade-10 ကျောင်းသား မောင်သက်ပိုင်ကျော်က လူငယ်နှင့်မူးယစ်‌ဆေးစသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်းနှင့် လူငယ်စကားဝိုင်းကို စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး၊ အားကစားမှူး၊ လူမှုဝန်ထမ်းဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာ‌စောင်များ ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)