ဒေးဒရဲမြို့၌ ဆီထွက်သီးနှံနေကြာမျိုး​စေ့ချ စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ ဆီထွက်သီးနှံနေကြာမျိုး​စေ့ချ စိုက်ပျိုးပွဲ ကျင်းပ



MNP  -   ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိပြည်သူများ ဒေသတွင်းဆီစားသုံးမှု ဖူလုံစေရေးရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက ​ချောင်းဖျားကျေးရွာ၊ တောင်သူဦးကျော်မင်း၏ စိုက်ပျိုးမြေ (၅)ဧကတွင်  ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါမျိုးစေ့ချ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့က Super Sun (41)စပ်မျိုးနေကြာမျိုးစေ့များကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စု(၁၃)စုရှိ၊ တောင်သူ(၁၉၀)ဦး၏ စိုက်ပျိုးဧက(၃၂၀)တွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများကကွင်းဆင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)