MNP - ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေနံနက်(၉)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာပန်းတောင်းမြို့နယ် ၊မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့ အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကိုချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဦးလှကျော်က စာရေးဆရာ ဖေမြင့်ရေးသားထားသော အပြောင် မြောက်ဆုံးဘဝတစ်ခုကိုတည်ဆောက်ခြင်း စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယခုလို စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
သင်းသင်းအေး
https://t.me/MyanmarNationalPost



No comments:
Post a Comment