MNP - ဖေဖေါ်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်းသိကောင်းစရာ Talk Show ကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးနှင့် စာရေးဆရာ(သန်းမြင့်သန်း)ကွမ်းခြံကုန်းတို့က မြန်မာအဘိဓာန်တွင် ယဉ်ကျေးမှုဟူသည်သိမ်မွေ့နူညံ့ပြေပြစ်သော၊ တတ်သိလိမ္မာမှုတိုးတက်ထွန်းကားလာသော၊ လူနေမှုအဆင့်အတန်းဟုဖွင့်ဆိုပြထားပါသည်။ လူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်သော ယဉ်ကျေးမှုစည်းလုံးမှုခိုင်မြဲတိုးတက်လေ နိုင်ငံတော်လည်းတိုးတက်ခေတ်မီလာလေဆိုသည့် အကြောင်းအရာများကို အသိပညာပေးဆွေနွေးခဲ့ကြောင်း သိရသည်။ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍
ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် Talk Show အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment