ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပပြုလုပ်


MNP  -    ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခြင်း၊ “မီးခိုမြူငွေ့ညစ်ညမ်းမှုဆိုတာကတော့ မြေပြင်နဲ့ တောမီး လောင်ကျွမ်းခြင်းတို့ကြောင့် ထွက်ပေါ်လာတဲ့ အခိုးအငွေ့များဖြစ်ပြီး အဲဒီအခိုးအငွေ့တွေဟာ သဘာဝပတ်ဝန်ကျင်နဲ့လူတို့ရဲ့ ကျန်းမာရေးကိုသာမက သက်ရှိသက်မဲ့ သယံဇာတအရင်း အမြစ်များကို ဆိုးဝါးတဲ့အကျိုးသက်ရောက်မှုဖြစ်စေနိုင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍမှာလည်း မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်”ဟု အကျယ်တစ်ဝင့် ဆွေးနွေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင် က “နယ်စပ်ဖြတ်ကျော်မီးခိုးမြူ ငွေ့ညစ်ညမ်းမှုအန္တရာယ် ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းဟာ သဘာဝကြောင့်ဖြစ်ပေါ်တဲ့ တောမီးလောင်ကျွမ်းမှုနဲ့ လူတွေကျင့်သုံးတဲ့ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်တွေကြောင့်ပါ။ ဒါကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အန္တရာယ်ကို ကာကွယ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်” ဟု အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။


နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)