ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့်အားကစား အသိပညာပေး TalkShow ပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့်အားကစား အသိပညာပေး TalkShow ပြုလုပ်ဆောင်ရွက်



MNP  -   ဖေဖေါ်ဝါရီ   ၆

  ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်နှင့်အားကစားအသိပညာပေး  Talk Show  ပြုလုပ်ဆောင်ရွက်ခြင်းကို    ယနေ့မွန်းတည့် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ရမ်းဗြဲမြို့နယ်ရုံးက ဦးစီးအရာရှိ  ဒေါ်အောင်တင်ကြည်ကလူငယ်နှင့်အားကစားအသိပညာပေး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။


  ယင်းနောက်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းကဆွေးနွေးပေးရာ လူငယ်နှင့် အားကစားကို ခွဲခြားမရနိုင်ကြောင်း၊  လူငယ်များ  ကာယ၊  ဉာဏ၊ စာရိတ္တ နှင့်ဗလငါးတန် ပြည့်ဝစေရန်အတွက်  အားကစားနည်း တစ်ခုခုကိုလေ့လာလိုက်စားဖို့ လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် အားကစားကို အရှိန်အဟုန်မြှင့် ဆောင်

ရွက်ပေးလျက်ရှိကြောင်း၊  နောက်ပြီး  ၂၀၂၄ ခုနှစ်မှာ ရခိုင်ပြည်နယ်စစ်တွေမြို့၌  အားကာသိပ္ပံကျောင်းကို ဖွင့်လှစ်ပေးဖို့ရှိသည့်အတွက် အားကစားကို စိတ်ပါဝင်စားသောလူငယ်များအနေဖြင့်   အလွန်တက်ရောက်ရန် သင့်တော်သောကျောင်းဖြစ်ကြောင်း၊  အားကာသိပ္ပံကျောင်းတွင်  အားကစားနှင့်ပညာရေးကိုလည်းတွဲဖက်ထားရှိမှာဖြစ်ပါကြောင်း၊  ယခု  လာမဲ့နွေရာသီကျောင်းပိတ်ရက်များမှာ   လူငယ်များအနေဖြင့်အချိန်ကို  အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်လျက် ၂၀၂၃ ခုနှစ် မတ် ၁ ရက်နေ့ကစတင်ပြီး ရမ်းဗြဲမြို့နယ်မှာ  အားကစားနည်း (၈) နည်းကို ဖွင့်လှစ်သွားရန်ရှိကြောင်း ဒါကြောင့်  လူငယ်များအနေနှင့်‌  ကိုယ်

ခန္ဓာကျန်းမာကြံ့ခိုင်ရေး၊  အချိန်ကိုအကျိုးရှိရှိ  အသုံးချနိုင်စေရန်နှင့်  အသင်းအဖွဲ့များနှင့်   ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်  လာရောက်ပြီးမိမိကြိုက်နှစ်သက်ရာအားကစားနည်းကို တက်ရောက်ဖို့အတွက်လည်း ဖိတ်ခေါ်ရပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)