မြောက်ဦးမြို့ ၌ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ၌ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ



MNP  -  ဖေဖော်ဝါရီ  ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗ ဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့က ကျင်းပ ပြုလုပ် ခဲ့ ကြောင်း သိရသည်။


အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ရုပ်သံကျွမ်းကျင်-၃ ဦးဦးမောင်ဝင်း က လူငယ်စကားဝိုင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်  လူငယ် များ အနေဖြင့် လူငယ်ရေးရာစကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကား ပြောအ တတ် ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲ့ဝံ့စွာ စကားပြောဆို တတ် စေ ရေး စသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်ရေးရာစကားဝိုင်းများ ကျင်းပ ပြုလုပ် ရ ခြင်း ဖြစ် ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်  လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  Grade-10 မှ မမေယုမွန် က အနာ ဂတ်နှင့်လူငယ်၊ Grade-10 မှ မောင်အောင်နိုင်ထွန်းကလည်း စည်းကမ်းရှိမှ တိုးတက် အောင် မြင် မည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မမိုးမိုးနွယ်ကလည်း စာဖတ်ခြင်း၏အကျိုး ကျေး ဇူး၊ Grade-10 မနုနုနွယ် မှလည်း မူးယစ်အန္တရာယ် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။


ပြီးနောက် တက်ရောက်လာကြသော ကျောင်းသူ၊ကျောင်းသားများကလည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများကပြန်လည် ရှင်းလင်း ပြော ကြားခဲ့ကြောင်း  သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)