MNP - ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမို တိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတန်ဖိုး ရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် လူငယ်နဲ့ အခွင့်အလမ်းစာအုပ်မှ (Book Club) ဥက္ကဋ္ဌ ဦးသန်းမြင့်(သန်းမြင့်သန်း-ကွမ်းခြံကုန်း) က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မနွေနွေလှိုင်းက လူငယ်နဲ့ အခွင့် အလမ်း၊ မမေမြတ်နိုးက လူ့တန်းဖိုးစသည့်အကြောင်းအရာများကို အမြင်ချင်း ဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြ ကြောင်း သိရသည်။
ဆွေနွယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment