နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံအင်္ဂလိပ်စာသင်တန်းအခမဲ့ ဖွင့်လှစ်ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံအင်္ဂလိပ်စာသင်တန်းအခမဲ့ ဖွင့်လှစ်ပေးမည်


MNP  -  ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နွေရာသီကျောင်းပိတ် ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ နားရည်၀၍ ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာကို အခမဲ့သင်ကြားပေး မည်ဖြစ်သည်။


အဆိုပါနွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို မတ်လမှစတင်၍ နွေရာသီကျောင်းပိတ်များတွင် တနင်္လာနေ့မှ ကြာသပတေးနေ့အထိဖွင့်လှစ်မည်ဖြစ်၍ English Grammar ၊ English Speaking များကို သင်တန်းဆရာမမှ စနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး  နွေရာသီအခြေခံ အင်္ဂလိပ်စာ သင်တန်းသို့ စိတ်ပါဝင်စားသူတိုင်း မည်သူမဆို တက်ရောက်သင်ကြားနိုင်မည်ဖြစ်သဖြင့် တက်ရောက် သင်ကြားလိုသော ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မြို့နယ်ပြန်/ ဆက်ဦးစီးဌာန ရုံးသို့ ရုံးချိန်အတွင်းစာရင်းများပေးသွင်းနိုင်ပါကြောင်းနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်ကပြောသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)